Unicode Help

 ၁။ ယူနီကုဒ်စာကို အင်တာနက်ပေါ်မှာ ဖတ်ရုံပဲ ဖတ်မယ်၊ စက်ထဲကို ယူနီကုဒ်ဖောင့် မသွင်းချင်ဘူး

ယူနီကုဒ်နဲ့ရေးထားတဲ့ ဝက်ဆိုက်တွေ၊ Facebook စတေးတတ်တွေ၊ ဘလော့တွေ ဖတ်ချင်လို့ရှိရင် ဒီဟာလေးတွေ ကိုယ်သုံးနေတဲ့ Web Browser တစ်ခုခုမှာ ထည့်ပေးပါ။ အဲဒါလေးထည့်လိုက်ရုံနဲ့ ဇော်ဂျီစာရော ယူနီစာရော အကုန်မြင်ရပါတယ်။ Myanmar Unicode Area ကလုပ်ထားတဲ့ Browser Extension လေးတွေဖြစ်လို့ စက်ကိုလေးလံသွားစေမယ့်၊ Virus ဝင်လာစေမယ့် ဟာမျိုးတွေမဟုတ်ပါဘူး။

အဲဒါတွေ လုပ်ပြီးသွားရင် အောက်ပါ ဝက်ဆိုက်များမှာ ယူနီကုဒ်အကြောင်းတွေ လေ့လာလို့ ရပါပြီ။
http://www.myanmarlanguage.org
http://www.mmunicode.org
https://www.facebook.com/groups/mmUnicode/ (Myanmar Unicode Area Facebook Group)

Facebook Group ဖြစ်တဲ့ Myanmar Unicode Area မှာလဲ ယူနီကုဒ်သုံးရင်း တွေ့ရတဲ့ အခက်အခဲတွေ ဗဟုသုတတွေကို မေးလို့ရပါတယ်။

၂။ ယူနီကုဒ်စံစနစ် ဖောင့်ကို ရေးဖို့အတွက်ပါ သုံးချင်တယ်

အပေါ်က လင့်နှစ်ခုမှာ သွားဖတ်ပြီးလို့မှ အဲဒီဝက်ဆိုက်တွေထဲကနေ ဘယ်ဖောင့်ကိုသုံးလိုက်ရမှန်း ကိုယ့်ဘာသာ မဆုံးဖြတ်နိုင်ခဲ့ဘူး၊ ဒါမှမဟုတ် အဲဒီအထဲမှာ ဖတ်ရင်းနဲ့ မူးလာခဲ့တယ် ဒီမှာပဲပေးထားတာ အသင့်သုံးလိုက်မယ်ဆိုရင် ….

For Windows
  • အကယ်၍သင်ဟာ Windows 10 သုံးတယ်ဆိုရင် Add Language ကနေ မြန်မာစာ ကိုထည့်ပေးလိုက်ရုံနဲ့ မြန်မာဖောင့်ရော မြန်မာကီးဘုတ်ကိုပါ အသင့်သွင်းပြီးသား ရမှာဖြစ်ပါတယ်။
  • AddLanguage
  • တစ်ခု သတိပြုရမှာက Windows 10 built in Myanmar Keyboard က Logical Order Keyboard ဖြစ်တာမို့ “ေ”  သဝေထိုးကို နောက်မှ ရိုက်ရတဲ့ ပုံစံပါ။ (ဥပမာ ရ + ေ = ရေ, က + ျ + ေ = ကျေ,  ထ + ွ + ေ + း= ထွေး)
  • English Keyboard နဲ့ မြန်မာကီးဘုတ် အပြောင်းအလဲကိုတော့ Windows Key + Space bar (or) Alter Key + Shift Key နဲ့ အကူးအပြောင်းလုပ်လို့ရပါတယ်။
  • Keyboard Switch
  • အကယ်၍သင်ဟာ Logical Order Keyboard ကို အချိန်ခဏပေးပြီး စာရိုက်ကြည့်လိုက်လို့ အဆင်ပြေပြေနဲ့ရိုက်နိုင်တယ်ဆိုရင် သင့်ကွန်ပြူတာအတွက် နောက်ထပ်ဘာမှ ထပ်သွင်းစရာ မလိုတော့ပါဘူး။ Keyboard Layout ကို အောက်မှာပေးထားပါတယ်။ ဒီလင့်ကနေလဲ ဒေါင်းလုဒ်လုပ်ယူနိုင်ပါတယ်။

Unicode Keyboard Layout

  • အကယ်၍ သင်ဟာ Windows 10 မသုံးဘူး၊ ဒါမှမဟုတ် Windows 10 ထဲက အသင့်ပေးထားတဲ့ ကီးဘုတ်ကို သုံးရတာ အဆင်မပြေဘူး “ေ” သဝေထိုးကို အရင်ရေးလို့ရတဲ့ Smart Keyboard နဲ့မှ သုံးချင်တယ်ဆိုရင် အခုလင့် မှာပေးထားတဲ့ Keymagic ကို သုံးပါ။ Keyboard Layout ကတော့ အတူတူပါပဲ။
  • အခုထပ်ပေးမယ့် Keymagic ကတော့ ၂၀၁၆ သြဂုတ်လ ၆ ရက်နေ့ကမှ မူရင်းရေးသားတီထွင်သူက အသစ်ပြန်ရေးထားတဲ့ ကီးမက်ဂျစ်အသစ်ပါ။ သုံးကြည့်တာ အဆင်ပြေပါတယ်။ (updated on 7 Aug 2016)
  • Myanmar3 and Parabike ဖောင့်များကို သုံးချင်ပါက ဒီလင့် မှာယူပါ။
  • တိုင်းရင်းသား စာလုံးတွေပါ ထည့်သွင်းထားတဲ့ ပြည်ထောင်စုဖောင့် ကိုတော့ ဒီကယူပါ။
For Mac OS X and Later
  • အကယ်၍ သင်ဟာ Mac OS ကို အသုံးပြုတယ် ဆိုလျှင်တော့ Keymagic for OS X ကို အသုံးပြုပါ။
  • ဒီဘလော့မှာလဲ Keyman နဲ့ အသုံးပြုရတဲ့ MyWin ဆိုတဲ့ ကီးဘုတ်တစ်ခု ရှိပါသေးတယ်။
For Ubuntu

 

 

16,675 views